ကျွန်တော်လက်တွေ့အသုံးပြု နေတဲ့နည်းလေးကိုပဲ ပြန်လည် မျှဝေလိုက်ပါတယ်။ ကျတော်တို့ ဖိုင်တွေ
ကို နေရာစနစ်တကျ ပြန်လည် စီရီထားပြီး အသုံးပြုထားသော အမှိုက်သရိုက်တွေကိုလည်း ရှင်းလင်းပေး
တတ်နိုင်သလောက် ရှင်းပေးရပါမယ် ။ ဒီတော့ ဘယ်လို လုပ်ရမလဲဆိုတာ ပြောပြပါ့မယ်။
ပထမဆုံး ဖိုင်တွေကို စနစ်တကျ စီပါမယ်။ အဲ့ဒါကို disk defragment လို့ ပြောပါတယ်။
်
disk defragment လုပ်ဖို့ရန် disk defragmenter ကိုဖွင့်ပါမယ်။
start >> all programs >> accessories >> system tools >> disk defragmenter ကိုရွေးလိုက်ပါ။
ပုံလေးတွေကိုကြည့်ပါ။
အောက်က ပုံစံလေး ပေါ်လာနေပါပြီ။ C/ကို ကလစ်လေး တစ်ချက်ပေးပြီ Defragment မလုပ်ခင်မှာ
Analyze Disk နဲ့ အရင်စစ်ပေးလိုက်ပါ။Analyze disk နဲ့ ပြီးမ defragment disk လုပ်ပါမယ် ။
D/ ကိုလည်း C/မှာလုပ်သလိုလေးသာ လုပ်ပေးလိုက်ပါ။ Defragmanter နဲ့ အားလုံးစစ်ပြီးသွားပြီဆိုရင်
မိမိဘယ်နေ့ကDefrag တွေကိုစစ်ထားလဲဆိုတာနေ့ရက် အချိန်တွေကို ကြည့်လိုက်ပါ။
Last Run အောက်မှာ ဖော်ပြထားပါတယ်။
ကဲ ... အားလုံးပြီးသွားပါပြီး Close ကိုပိတ်လိုက်ပါ။အောက်က နောက်ထပ်တစ်နည်းကို ဆက်လက်လုပ်ေ
ဆောင်လိုက်ပါ။ နောက်တစ်နည်းဖြစ်တဲ့ မိမိကွန်ပျူတာ စက်ထဲက အမှိုက်တွေရှင်းတဲ့ နည်းလေးကို
ဆက်လက်လုပ်ဆောင်လိုက်ပါ။အမှိုက်တွေကို ရှင်းလင်းမယ့် နည်း (၄)နည်းကို ပြောပြပါမယ်။ သိပြီးတဲ့
လူတွေအတွက်တော့ မလိုဘူးပေါ့ဗျာ။ မသိသေးတဲ့လူတွေ အတွက်ကတော့
အကျိုးရှိမှာ သေချာပါတယ်။
ပထမဆုံး လုပ်ဆောင်ရမှာက
( Window + R ) နဲ့ တွဲဖွင့်လိုက်ပါ။ အဲဒီ Run box လေးပေါ်လာလိမ့်မယ်။
( မိမိ ကွန်ပျူတာတွင် Window ပုံလေးနှင့် R ကိုတွဲ နှိပ်ပါ။ Run box လေးပေါ်လာလိမ့်မည်။ )
1: Temp ရိုက်လိုက်ပါ။ ပီးရင်ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ်လိုက်ပါ။
(Window + R ) နဲ့ တွဲဖွင့်လိုက်ပါ။
2: %temp% ရိုက်လိုက်ပါ။ ပီးရင်ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ် လိုက်ပါ။
(Window + R ) နဲ့ တွဲဖွင့်လိုက်ပါ။
3: Prefetch ရိုက်လိုက်ပါ။ ပီးရင်ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ် လိုက်ပါ။
(Window + R ) နဲ့ တွဲဖွင့်လိုက်ပါ။
4: Recent ရိုက်လိုက်ပါ။ ပီးရင်ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ် လိုက်ပါ။
ဘာမှမကြောက်ပါနဲ့ ရဲရဲသာ ဖျက်လိုက်ပါ။ မိမိ သုံးထားတဲ့ အမှိုက်တွေကို ဖျက်ပေးတာပါ။
ခဏလေး ပြောစရာတစ်ခု ကျန်သေးတယ်။ Recycle Bin ( အမှိုက်ပုံး )ထဲ
ကအမှိုက်တွေ ကို ဖျက်လိုက်ဦးနော် ။ ပြီးရင် Computer Restart လုပ်လိုက်ပါ။
ပြီးရင်တော့ မိမိ ကွန်ပျူတာဟာ အနည်းနဲ့ အများ ပိုမို အသုံးပြု၍ အဆင်ပြေလာပါလိမ့်မယ်။
သူငယ်ချင်းအားလုံး ဗဟုသုတတိုးပွားနိုင်ပါစေ
လေးစားလျှက်
Noblestar



No comments:
Post a Comment