Page Maker အကြောင်း
အချိန်ကာလတစ်လျှောက်လုံး စာစီစာရိုက်လုပ်ငန်းသမား အားလုံးလိုလိုက အသုံးပြုနေကြတဲ့ စာစီ (work processing software) ဟာ PageMaker ပဲ ဖြစ်ပါတယ်။ စာစီစာရိုက်လုပ်ငန်းများရဲ့ 90% လောက် ရှိမယ် ထင်ပါတယ်။ ဒါပေမယ့် အဲဒီ Pagemaker Software ကို ဘယ်သူကရေးသားခဲ့တယ်၊ ဘယ် Company က ထုတ်လုပ်ခဲ့တယ်၊ ဘယ် ခုနှစ်က စတင်ခဲ့တယ်၊ ရှေ့ဆက်ပြီး ဘယ်လို အဆင့်မြှင့် Version တွေ ထွက်လာဦး မယ်ဆိုတာ မသိတဲ့သူက များပါတယ်။ သိဖို့လည်း မလိုဘူးလို့ ပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်နေတဲ့ လုပ်ငန်းရဲ့ သဘောသဘာဝနဲ့ သမိုင်းကြောင်းကိုတော့ သိထားသင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်လည်း PageMaker Software ရဲ့ အကြောင်းရင်းမြစ်ကို ရှာဖွေရေးသားလိုက်ပါတယ်။...
PageMaker Software အကြောင်းမစခင် Adobe System Inc တည်ထောင်ခဲ့တာကို ကြည့်ရအောင်။ John Warnock နဲ့ အဖွဲ့ဟာ Xerox PARC လို့ခေါ်တဲ့ ဘာသာစကား Software တစ်ခုကို တီထွင် ရေးသားခဲ့ပါတယ်။ ၎င်း Software ဟာ Computer မှာ စာစီထားတဲ့ စကားလုံးတွေကို Laser Printer တွေမှာ အဆင်ပြေ လှပအချိုးကျအောင် သုံးနိုင်ဖို့ ဆောင်ရွက်ပေးတဲ့ Page Description Language ဆိုပါ တော့။ ဒါပေမယ့် Warnock ရဲ့
